ခိုင်မာသည့် စိတ်ဆုံးဖြတ်ချက်
ကျွန်မသည် ၁၉၇၅ ခုနှစ်မှစ၍ နှစ်သစ် ဆုံးဖြတ်ချက်မချတော့ပါ။ ကျွန်မ၏ နေ့တဓူဝပုံမှန် အလုပ်များဖြစ်သည့် နေ့စဉ်မှတ်တမ်းရေးခြင်း၊ ပုံမှန်ကျမ်းစာဖတ်၊ ဆုတောင်းမပျက်အောင် ကြိုးစား လုပ်ဆောင်ခြင်း၊ နေ့စဉ်အချိန်ဇယားအတိုင်း သတ်မှတ်ဆောင်ရွက်ခြင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ခြင်း စသည့်ကိစ္စများကို ယခုတိုင် ဆောင်ရွက် နေရဆဲဖြစ်သောကြောင့် နောက်ထပ် ဘာဆုံးဖြတ် ချက်မှချရန် မလိုအပ်တော့၍ ဖြစ်သည်။
သို့သော် ရှင်ပေါလု၏ ရောမအသင်း သားများထံသို့ ရေးသားခဲ့သောစာ၌ “ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြ ကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍လဲစရာ အခွင့်၊ မှားယွင်း စရာအခွင့်မရှိစေမည်အကြောင်း သာ၍စီရင်ကြကုန်အံ့” (ရော ၁၄း၁၃) ဟူသော ကျမ်းချက်ကြောင့် ယခုနှစ်သစ်၌ လုပ်ဆောင်မည့် နောက်ထပ်ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်လိုက်သည်။
ထိုသွန်သင်ချက်က နှစ်ပေါင်း ၂၀၀၀ ခန့်ကြာမြင်ခဲ့ပြီးဖြစ်သော်လည်း ကျွန်မတို့ နှစ်စဉ် အသစ်ဖြစ်စေသင့်သည်။ ရာစုနှစ်ပေါင်းများစွာက…
လမ်းပြမှု လိုအပ်သည်
အိုင်ယာလန်နိုင်ငံ ဂယ်လ်ဝေး ပြည်နယ်ရှိ ရှေးဟောင်း စိန့် နီကိုလတ်စ် ဘုရားကျောင်းကြီးတွင် ရှည်လျားသည့် အတိတ် သမိုင်းကြောင်းရှိပြီး လက်ရှိပစ္စုပ္ပန်၌လည်း သက်ဝင်ရှင်သန်ဆဲဖြစ်သည်။ ၎င်းသည် အိုင်ယာလန်၌ သက်တမ်း အရှည်ကြာဆုံး သမိုင်းဝင် ဘုရားကျောင်းကြီးဖြစ်ပြီး ယနေ့ထိတိုင် လက်တွေ့ကျကျ လမ်းညွှန်မှု ပေးနေ၏။ ဘုရားကျောင်း၏ ထင်ရှားမြင့်မားစွာ ရှိနေသော မိုးထိခေါင်မိုးချွန်က မြို့ကိုမိုးထားပြီး၊ ၎င်းသည် သင်္ဘောများ ဂယ်လ်ဝေးပင်လယ်အော် အတွင်းသို့ ဘေးကင်းလုံခြုံစွာ ဆိုက်ရောက်ကြောင်း သင်္ဘောသားများ သိရှိနိုင်သည့်အမှတ်အသား တစ်ခုလည်းဖြစ်သည်။ ရာစုနှစ်များစွာသင်္ဘောသား များအား စိတ်ချစရာ အိမ်ပြန်ခရီးကို ညွှန်ပြနေ၏။
စင်စစ် သခင်ယေရှုသည် ပဿခါပွဲခံစဉ်၌ တပည့်တော်များအား အလွန်အရေးကြီးသည့် လိုအပ်မှုတစ်ခုအကြောင်း မိန့်ကြားခဲ့သည်။ ယေရှုက မိမိကောင်းကင်ဘုံသို့ပြန်ကြွပြီး သည့်နောက်တွင် ခမည်းတော်မှစေလွှတ်မည့် ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများ၏အသက်တာ၌ အလွန်အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လာမည်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည်...သမ္မာတရားကို…
ဘုရားသခင် ကြားတော်မူ၏
သမီးနှင့်အတူ ကာတွန်းစာအုပ်အချို့ ဖတ်ပြီးနောက် ကျွန်မက ခဏနား၍စာအုပ်တစ်အုပ် ဖတ်မည်၊ ပြီးမှ သမီးနှင့်ကာတွန်းပြန်ဖတ်ကြမည် ဟု သမီးကိုပြောလိုက်သည်။ ထို့ကြောင့် ကျွန်မ စာအုပ်တစ်အုပ်ကိုယူပြီး ငြိမ်သက်စွာဖတ်နေလိုက် သည်။ မိနစ်အနည်းငယ်အကြာတွင် သမီးက ကျွန်မကို မသင်္ကာအကြည့်နှင့်ကြည့်ကာ “မာမီ တကယ်စာဖတ်နေတာ မဟုတ်ပါဘူး”ဟုပြောသည်။ စိတ်ထဲမှ စာဖတ်နေသည်ဖြစ်၍ စကားသံမထွက် သောကြောင့် ကျွန်မစာဖတ်နေတာ မဟုတ်ဟု သမီးက ထင်မှတ်နေခြင်းပင်။
အသံမထွက်ဘဲ စိတ်ထဲမှ စာဖတ်နိုင် သလို ဆုတောင်းရာတွင်လည်း စိတ်ဖြင့် အာရုံပြုကာ တိတ်ဆိတ်စွာ ဆုတောင်းနိုင်သည်။ သားသမီးမရ၍ တောင့်တလိုချင်နေသော ဟန္နသည် ဗိမာန်တော်သို့လာ၍ ဘုရားသခင်ထံသို့ စိတ်နှလုံးကိုဖွင့်ကာ ငြိမ်သက်စွာ ဆုတောင်းခဲ့ သည်။ စိတ်နှလုံးနှင့်ဆုတောင်းသည်ဖြစ်၍ နှုတ်ခမ်းလှုပ်သော်လည်း စကားသံမထွက် သောကြောင့် (၁ ရာ ၁း၁၃)၊ ယဇ်ပရောဟိတ်ဧလိယက သူမသည် စပျစ်ရည်ယစ်မူး နေသည် ဟူ၍…
ဈေးဝယ်သူ၏နောင်တ
ဈေးဝယ်ပြီးမှ နောင်တရဖူးပါသလား။ ကျွန်မကတော့ ထိုသို့ဖြစ်ဖူးသည်။ ပစ္စည်းတစ်ခုကို မဝယ်မီ ပစ္စည်းအသစ်တစ်ခု ရတော့မည်ဟု တလိမ့်လိမ့် စိတ်လှုပ်ရှားရသည်။ သို့သော်လည်း ထိုပစ္စည်းကို ဝယ်ယူပြီးနောက် နောင်တလှိုင်းလုံး များ စတင်ရိုက်ခတ်လာသည်။ ထိုပစ္စည်းကို အမှန် လိုအပ်သလား။ ထိုပစ္စည်းအတွက် အမှန်တကယ် ငွေသုံးစွဲသင့်သလား စသည်ဖြင့် မေးခွန်းထုတ်မိ တော့သည်။
ကမ္ဘာဦးကျမ်း ၃ တွင် ဝယ်ပြီးမှ (လုပ် ပြီးမှ) နောင်တရသည့်အဖြစ်ကို ပထမဦးဆုံးအကြိမ် အဖြစ် မှတ်တမ်းတင်ထားသည်။ ဉာဏ်များပြီး ကောက်ကျစ်သော မြွေဆိုးက ဝယ်ချင်လာအောင် ဖြားယောင်းခြင်းဖြင့် ဇာတ်လမ်းအစပြုခဲ့သည်။ ဘုရားသခင်၏မိန့်မှာချက်ကို ဧဝသံသယစိတ်ဝင်လာအောင် ဆွဲဆောင်သည် (း၁)။ ဧဝ ဇဝေဇဝါဖြစ်သွားချိန်၌ ဘုရားသခင်၏သဘောတော်ကို သံသယဖြစ်အောင် တွန်းပို့လိုက် သည် (း၎-၅)။ “သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင် ကဲ့သို့ဖြစ်ကြလတံ့”ဟု အာမခံလိုက်သည် (း၅)။
သို့နှင့်…
ဘုရား၏မျက်မှောက်တော်၌ တန်ဖိုးရှိခြင်း
ကျွန်ုပ်တို့၏ မိတ်ဆွေတစ်ဦးဆုံးသွားရာ၊ အမြော်အမြင်ကြီးပြီး ခရစ်တော်ကိုသိသည့် ညီအစ်ကိုတစ်ယောက်က ကျွန်ုပ်အား “ထာဝဘုရား ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာ သည် အဘိုးကြီးလှ၏” (ဆာ ၁၁၆း၁၅) ဟူသော ကျမ်းပိုဒ်လေးကို ပေးပို့ခဲ့သည်။ သွားနှင့်သူ မိတ်ဆွေသည် သခင်ယေရှု၌ ယုံကြည်မှုအားကြီးပြီး၊ ၎င်းသည် သူ့အသက်တာကိုလည်း လွှမ်းမိုးခဲ့သည်။ သူသည် ယခုအခါ ထာဝရဘုရား၏အိမ်တော် ကောင်းကင်နိုင်ငံတွင် ရှိနေကြောင်း ကျွန်ုပ်တို့သိ သည်။ သူ့ မိသားစုလည်း ထိုကဲ့သို့စိတ်ချမှုရှိသည်။ သို့သော် ၎င်းတို့၏ ဝမ်းနည်းပူဆွေးမှုကိုသာ ကျွန်ုပ် အာရုံစိုက်မိသည်။ ထိုသို့ ပူဆွေးသောကနှင့် ဆုံးရှုံးမှုများ ခံစားရချိန်တွင် ၎င်းတို့အပေါ်စာနာရန် အသင့်တော်ဆုံး မဟုတ်ပါလား။
သို့သော် ကွယ်လွန်သူ သူငယ်ချင်းအပေါ် ကိုယ်တော်၏အမြင်ဖြင့် ရှုမြင် တတ်အောင် ဆာလံကျမ်းမှကျမ်းတစ်ပိုဒ်က ကျွန်ုပ်အမြင်ကို ပြောင်းလဲခဲ့သည်။ တန်ဖိုးရှိခြင်း ဆိုသည်မှာ တန်ဖိုးကြီးခြင်းကို ဆိုလိုသည်။ သို့သော်…
ကြီးမားသော မျှော်လင့်ခြင်းများ
တစ်ခါက အကြံပေးပုဂ္ဂိုလ် တစ်ယောက်အား “အဓိကအားဖြင့် ဘယ်လို ကိစ္စကြောင့် လူတွေ ခင်ဗျားဆီ ရောက်လာတာ လဲ” ဟု ကျွန်တော် မေးဖူးသည်။ “မျှော်လင့်ချက် ပျက်သွားခြင်းက ပြဿနာများစွာရဲ့ အရင်းခံ ဇစ်မြစ်ပဲ၊ ဒါကိုမဖြေရှင်းရင် နာကြည်းမှုနဲ့ ဒေါသစိတ်ဖြစ်သွားတဲ့အထိ ပြင်းထန်သွားတယ်” ဟူ၍ မဆိုင်းမတွဖြေခဲ့သည်။ အကောင်းဆုံးအချိန် တွင် နေရာကောင်းတွင်ရှိနေပြီး မိမိအပေါ် ကောင်း သော မိတ်ဆွေများ၊ မိမိကို ထောက်ခံသဘောကျ သူများ ဝန်းရံနေခြင်းမျိုးကို ကျွန်ုပ်တို့မျှော်လင့် တတ်သည်။ သို့သော် ဘဝဆိုသည်မှာ တစ်နည်း မဟုတ် တစ်နည်းနည်းဖြင့် မျှော်လင့်ခြင်းများ ပြို ပျက်တတ်သည်။ ထိုအခါ ဘာဖြစ်လာမည်နည်း။
ရှင်ပေါလုသည် ထောင်ထဲ၌ အကျဉ်း ကျခံရစဉ် သူ့ကိုမနှစ်သက်သော ရောမမြို့ရှိ ယုံကြည်သူများအလယ်တွင် အံ့သြစရာ ဝမ်းမြောက်နိုင်ခဲ့သည် (ဖိ ၁း၁၅-၁၆)။ ၎င်းကို ဘုရားသခင်…
ကြံစည်ထားသမျှထက် ပို၍ ကောင်းသော
အနှောင့်အယှက် အဟန့်အတားများ သည် စင်စစ်အဆန်းမဟုတ်ပါ။ စီစဉ်ထားသည့် အတိုင်း ချောမွေ့စွာ တစ်နေ့တာကုန်ဆုံးသည့် အဖြစ်က မရှိသလောက်ပါ။ ဘဝ၌ အဆင်မပြေမှု များက အပြည့်ပါ။ အစိုးမရသော တရားသဘော များက အကြံအစည်များကို ကဖျက်ယဖျက်လုပ် သည်။ “ဖျားပြန်ပြီ၊ ပဋိပက္ခဖြစ်ပြန်ပြီ၊ ကားလမ်း ပိတ်လို့၊ မေ့သွားလို့၊ စက်ပျက်လို့၊ ရိုင်းစိုင်းစော်ကား လိုက်တာ၊ ပျင်းလို့၊ စိတ်မရှည်တော့ဘူး၊ မကျွမ်း ကျင်ဘူး” စသည်ဖြင့် တစ်ခုမဟုတ်တစ်ခု၊ (သို့) တစ်ခုပြီးတစ်ခု ဖြစ်နေသည်။
သို့ငြားလည်း အဆင်မပြေမှုများ၏ အခြားတစ်ဖက်ကိုဖြင့် ကျွန်ုပ်တို့ မသိနိုင်ပါ။ ဤ အရာများက ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျအောင်၊ ဘဝကို ပိုခက်ခဲသွားအောင်၊ အကြံအစည် များပျက်သွားအောင် လုပ်ခြင်းမှတပါး အခြားရည်ရွယ်ချက်မရှိဟု ကျွန်ုပ်တို့ ထင်နေကြ သည်။ သို့သော် ဤအဆင်မပြေမှုများက ကျွန်ုပ်တို့ကို မမြင်နိုင်သည့်အန္တရာယ်များမှ ကာကွယ်သော…
ကားတိုင်၏ အံ့သြဖွယ်
ကျွန်တော် သြစတြေးလျသို့ ရောက်ခဲ့စဉ်က ကြည်လင်သော ညတစ်ညတွင် တောင်ဘက် ကြက်ခြေခတ်ကြယ်စုကို မြင်ခွင့်ရ ခဲ့သည်။ ၎င်းသည် ဟမ္မစ်ဖီးယား တောင်ဘက်ခြမ်း ၌ တည်ရှိပြီး ထူးခြားကြယ်စုများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ၁၅ ရာစု အစောပိုင်းခန့်က သင်္ဘောသားများနှင့် ရေကြောင်းရှာဖွေသူများက ဤကြယ်စုကို သမုဒ္ဒရာတွင်း လမ်းပြအဖြစ် မှီခို အားထားခဲ့ကြသည်။ အလွန်သေးငယ်သော်လည်း ထိုကြယ်စုကို တစ်နှစ်ပတ်လုံးမြင်ရသည်။ ည ကောင်းကင်၌ တောက်ပနေခြင်းကြောင့် ကြယ်အစု အဝေးကြီးတွင် အထင်အရှားခွဲခြားသိနိုင်သည်။ ထိုမြင်ကွင်းသည် အလွန် ရင်သပ်ရှုမောဖွယ် မြင်ကွင်းပင်။
ပို၍အံ့ဖွယ်ကောင်းသော ခရစ်တော်၏ ကားတိုင်အကြောင်းကို ကျမ်းစာက ပြောပြပါ သည်။ ကြယ်များကိုကြည့်စဉ် ဖန်ဆင်းရှင်ဘုရား၏ လက်ရာတော်များကို မြင်ရသည်။ သို့သော် ကားတိုင်ကို ရှုမျှော်သောအခါ ဖန်ဆင်းရှင် ဘုရားသည် သူဖန်ဆင်းသောအရာအတွက် အသက်ပေးကြောင်းကို မြင်ရသည်။ (ဟေဗြဲ ၁၂း၂)…
စောင့်ဆိုင်းခြင်းနိယာမ
စောင့်ဆိုင်းရခြင်းသည် ခက်ခဲပါ၏။ စူပါမားကတ်ဆိုင်များ၌၊ ကားလမ်းပိတ်၊ ကားကြပ် ချိန်များ၌၊ ဆေးခန်းများ၌ စောင့်ရသည်။ စောင့်ဆိုင်း ရစဉ် စိတ်ရှုပ်ရှုပ်နှင့် အချိန်ကုန်အောင် လက်မချင်း လှည့်ကစားသည်။ ဂနာမငြိမ်စွာ မသန်းဝေမိအောင် ထိန်းနေရသည်။ တစ်ဖန် ပြန်စာမလာသော စာကို မျှော်သည်။ မလိမ္မာသည့် သားသမီးများ လိမ္မာလာမည့်အချိန်ကို စောင့်မျှော်သည်။ မိမိ၏ လက်တွဲဖော် အိမ်ထောင်ဖက်တို့ ပြောင်းလဲ လာမည့်အချိန်ကို စောင့်မျှော်သည်။ ထွေးပွေ့ရမည့် ကလေး မွေးလာမည့်အချိန်ကို မျှော်သည်။ မိမိ၏ လိုအင်ဆန္ဒပြည့်ဖို့ စောင့်မျှော်သည်။
ဆာလံ ၄၀ တွင် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား စိတ်ရှည်စွာနှင့် သူ စောင့်ဆိုင်းကြောင်းပြောရာ၌၊ မူရင်းအဓိပ္ပာယ်မှာ သူ့ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးရန် ဒါဝိဒ်မင်းကြီး စောင့်ပြီးရင်းစောင့်နေကြောင်း ပြောလိုခြင်းဖြစ်သည်။ ဤသို့ နှောင့်နှေးနေချိန်များကို ပြန်ကြည့်ရင်း ကိုယ်တော်အား ချီးမွမ်းသည်။ ဘုရားသခင်သည် “သီချင်းသစ်ကို…
ပုံမှန် နေ့တစ်နေ့
“ပွမ်ပေမြို့သို့ တစ်နေ့တာ” ပြပွဲသို့ သွားရောက်လေ့လာစဉ် အေဒီ ၇၉၊ သြဂုတ် ၂၄ ရက်နေ့သည် ပုံမှန်နေ့လေးအဖြစ် အစပြုခဲ့ သည်ဟူသော ခေါင်းစီးလေးက ကျွန်တော့်အာရုံကို
အထပ်ထပ်ဖမ်းစားခဲ့သည်။ လူဦးရေ နှစ်သောင်းခန့် ရှိသော ချမ်းသာကြွယ်ဝသည့် ရောမဆိပ်ကမ်းမြို့ လေးတွင် လူတို့သည် အိမ်နှင့်ဈေး၌ နေ့စဉ် လုပ်ငန်းများလုပ်ဆောင်လျက် ပုံမှန်သွားလာ လှုပ်ရှားနေကြသည်။ မနက် (၈) နာရီခန့်တွင် မြို့ အနီးရှိ Vesuvius မီးတောင်မှ မပြောပလောက် သည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် နေ့လည်ပိုင်းတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။ ၂၄ နာရီအတွင်း ပွမ်ပေမြို့နှင့် မြို့သူမြို့သားများ သည် ထူပျစ်သော ချော်ရည်များကြား နစ်မြုပ်သွား သည်။ လုံးဝ မျှော်လင့်မထားသောအဖြစ်တည်း။
သခင်ယေရှုက သူ့နောက်လိုက်များအား လူတို့အလုပ်ရှုပ်နေချိန်၊ စားသောက် လျက် ထိမ်းမြားစုံဖက်လျက်နေချိန်၊ ရှေ့မှာဘာဖြစ်မလဲ မည်သူမျှ…